Saturday, April 11, 2015

XIAOMI ဖုန်းများအတွက် Zawgyi မြန်မာ font သွင်းနည်း


Install Zawgyi Font And Keyboard

Font သွင်းရန် ၂ နည်း ရှိသည်။ Mi 3, Mi 4 တို့တွင် developer rom ဖြစ်ပါက theme ပြောင်းရုံဖြင့် ရသည်။ Mi Policy အသစ် အရ ၎င်းတို့၏ designer server ပေါ်တင်မထားသော Thrid Party Theme , Components များကို သွင်း ခွင့် မပေးတော့ပါဘူး။ ဒါကြောင့် Redmi 1s , Redmi Note တို့တွင် Root လုပ်ရသည်။

For Developer ROM

Developer ROM ကို အသုံးပြုထားလျှင် Font File ကို သွင်းနိုင်ပါသည်။   RoboZawgyi.Mtz ကို download ချပါ။
Phone ကို Computer နဲ့ ချိတ်ပြီးတော့ SD card သို့မဟုတ် Phone ထဲကို ထည့်ပါ။
Theme app ကို ဖွင့်ပါ။ Local Tab ကို သွားပါ။ Menu button ကို နှိပ်ပြီး Import from SD card ကို ရွေးပါ။
Download ချထားသော robozawgyi.mtz ကို ရွေးပေးပါ။
ပြီးလျှင် Category tab ကို သွားပါ။ Components > Font > Local အောက်က robozawgyi ကို ရွေးပါ။ Apply လုပ်ပါ။
Font

With iFont

iFont ကို အသုံးပြုပြီးတော့လည်း မြန်မာ font သွင်းနိုင်ပါသည်။ မြန်မာစာ တစ်ခု တည်းမြင်ရဖို့ အတွက် root မလုပ်ချင်ရင် iFont ဖြင့် ဦးစွာ စမ်းသပ်နိုင်ပါသည်။
Player Store မှ  ifont ကို ပထမ download ချပါ။
ပြီးလျှင်   Zawgyi 20084.3 apkကို ဦးစွာ download ချပြီး သွင်းပါ။
iFont ကို ဖွင့်ပါ။ MY tab ကို သွားပါ။


iFont

Zawgyi2008 ကို တွေ့ပါမည်။ နှိပ်လိုက်ပါ။


iFont

ပြီးလျှင် Set လုပ်ပါ။


iFont

ပြီးလျှင် OK နှိပ်လိုက်ပါ။ Theme app တက်လာပါမည်။ မတက်လာပါက Theme ကို ဖွင့်ပါ။
ပြီးလျှင် Category tab ကို သွားပါ။ Components > Font > Local အောက်က Zawgyi2008(iFont) ကို ရွေးပါ။ Apply လုပ်ပါ။
 
အကယ်၍ iFont နည်းဖြင့် မြန်မာစာ မမြင်ရလျှင် Font ကို Default ပြန်ထားပြီး root လုပ်ရန် လိုအပ်ပါသည်။

For Root

မြန်မာ keyboard နှင့် font သွင်းရင် Play Store မှ MM Aio Font Changer ကို Download ချပါ။
Aio Font changer ကို ဖွင့်ပါ။ Xiaomi ဖုန်းရဲ့ Andorid verison ပေါ်မူတည်ပြီး Tab ပေါ်က Android Version ကို ရွေးပေးပါ။ ယခု အချိန်တွင် Redmi , Redmi Note တို့သည် Android 4.2 ဖြစ်သည်။ Mi 3 , Mi 4 တို့ သည် android 4.4 ဖြစ်သည်။


AIO

Android 4.0 မှ 4.2 အတွက် Smart ဇော်ဂျီ ကို ရွေးပါ။ XML Method ကို နှိပ်ပါ။ Root permission မေးလျှင် Allow လုပ်လိုက်ပါ။ ပြီးလျှင် ဇော်ဂျီ မြင်ရပါမည်။


MIUI ကို Update လုပ်ပြီးလျှင် XML Method ဖြင့်လုပ်ထားလျှင် မြန်မာ font ပျောက်သွားပါမည်။
ပြန်လည် root လုပ်ပြီး XML Method ကို ပြန် သွင်းပေးဖို့လိုပါသည်။
 
Replace Roboto နည်းလမ်းကို မတိုက်တွန်း ပါ။
အဘယ့်ကြောင့်ဆိုသော system font ကို အစားထိုးသွားသောကြောင့် ဖြစ်သည်။
ထို နည်းသည် Root Explorer အသုံးပြုပြီး font အစားထိုး ခြင်း ဖြင့် အတူတူ ပင်ဖြစ်သည်။
 

Keyboard

Frozen Zawgyi Keyboard ကို အသုံးပြုနိုင်ပါသည်။
Keyboard သွင်းပြီးပါက Settings -> General settings -> Language & Input -> Keyboard & Input Methods တွင် Default ကို Frozen Zawgyi Keyboard Pro ကို ရွေးပြီး အသုံးပြုနိုင်ပါသည်။










  




                                                         
                                         Credit:WINHLAING.ORG

SharzI Blacksmith

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ 2013 Myanmar Tech Village.