Google Chrome 37.0.2062.103 + (မြန်မာလိုမြင်အောင် ပြုလုပ်နည်း)
မင်္ဂလာပါဗျာ ကျွန်တော်သုံးနေကျ အကြိုက်ဆုံး browser လေးတစ်ခု တင်ပေးလိုက်ပါတယ် ကျွန်တော် လက်ရှိ အသုံးပြုနေတဲ့ browser လေးပါ၊ တချို့ အင်တာနက် သုံးခါစ User တွေက Google Chrome ကို အသုံးပြုချင်ပေမဲ့ မြန်မာလို မမြင်ရဘူးဆိုပြီး မသုံးဖြစ်ကျဘူး အခုတော့ အင်တာနက်သုံးစ User တွေ အတွက် အဆင်ပြေစေရန် မြန်မာလို ပြောင်းနည်းကို အောက်မှာ ပုံနှင့်တကွ အနည်းငယ် ရှင်းပြထားပါတယ်၊ Offline Installer ဖြစ်တဲ့အတွက် Click တစ်ချက် တောက်လိုက်ယုံနဲ့ အသုံးပြုနိုင်မယ်ဖြစ်ပါသည်
ပုံတွင်ပြထားသည်အတိုင်း နံပတ်(၁) နေရာက အတန်းသုံးကြောင်းကို နှိပ်လိုက်ပါ ပြီးတော့ နံပတ်(၂) ပြထားသော Settings ကို Click လိုက်ပါ ပြီးရင် အောက်က ပုံ ဆက်ကြည့်ပေးပါ
မောစ့်(စ်) လေးနဲ့ အနည်းငယ် အောက်သို့ ဆွဲချပြီး ပုံတွင် ပြထားသည့်အတိုင်း နံပတ်(၃) ပြထားသည့် နေရာက Show advanced settings.. ကို Click လိုက်ပါ၊ ဒါဆိုရင် အောက်က ပုံအတိုင်း ပေါ်လာမယ် ဖြစ်ပါတယ်
နံပတ်(၄) ပြထားသော နေရာကို Click လိုက်ပါ ဒါဆိုရင် အောက်က ပုံအတိုင်း မြင်တွေ့ရမယ် ဖြစ်ပါတယ်
ပုံတွင်ပြထားသည့် အတိုင်း နံပတ်(၅) ပြထားသော နေရာအားလုံးကို Zawgyi_One ချိန်းလိုက်ပါ ပြီးရင် Done ကို နှိပ်လိုက်ရင် မြန်မာလို မြင်ရပါပြီးခင်ဗျာ
Credit:အိုင်တီမောက်မောက်လေး





0 comments:
Post a Comment